အသက်အရွယ်မရွေး၊ အသားအရောင်မရွေး ချက်ချင်း နုပျိုသွားစေချင်ရင် စိမ်းပြာရောင်အဝတ်အစားကို ဝတ်ဆင်လိုက်ပါ။
အင်္ကျီအဝတ်အစားတွေ ဝတ်ဆင်တဲ့အခါမှာ မိမိနဲ့ လိုက်ဖက်မှုရှိပြီး ရာသီဥတုနဲ့ ကိုက်ညီမှုရှိဖို့ကိုပါ အဓိကထားပြီး ရွေးချယ်သင့်ပါတယ်။
သင့်အဝတ်အစားအရောင်တွေက သင့်အကြောင်းနဲ့ သင့်ကိုယ်ပိုင်စတိုင်ကို ဖော်ပြနိုင်ပါတယ်။ အနက်ရောင်အဝတ်အစားတွေကို ဝတ်ဆင်လိုက်မယ်ဆိုရင် သင့်ကို တပ်မက်ဖွယ်ကောင်းပြီး စိတ်ဓာတ်ခိုင်မာသူအသွင်ပေါ်စေနိုင်ပါတယ်။
“စိမ်းပြာရောင်က ဘယ်လိုအသားအရောင်နဲ့မဆို လိုက်ဖက်ပြီး အသားအရေကို ဝင်းလက်သွားစေနိုင်ပါတယ်။ နုပျိုခြင်းရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ ကြည်လင်ဝင်းလက်တဲ့အသားအရောင်ကို ပေးစွမ်းနိုင်တဲ့အရောင်ဖြစ်တယ်။” လို့ Who What Wear ရဲ့ CEO ဖြစ်သူ ကိတ် စမစ်သ် (Kate Smith)က ပြောပြခဲ့ပါတယ်။
စိမ်းပြာရောင်မှာ အရောင်အခွဲလေးတွေ အများကြီးရှိတဲ့အတွက် သင်နဲ့လိုက်ဖက်တဲ့ စိမ်းပြာရောင်ကို ရှာတတ်ဖို့ လိုပါမယ်။ ဘယ်လိုရှာရမလဲဆိုတော့ သင့်လက်ကောက်ဝတ်အတွင်းဘက်ကို လှန်ပြီး ကြည့်လိုက်ပါ။ လက်ကောက်ဝတ်မှာ သွေးကြောစိမ်းစိမ်းလေးတွေ မြင်ရပါလိမ့်မယ်။ သွေးကြောအရောင်က သင်နဲ့ အလိုက်ဖက်ဆုံးအရောင်ပဲ ဖြစ်ပါတယ်။
